လုံခြုံစွာစကင်ဖတ်စစ်ဆေးပြီး : 08/09/2026
Wrong Side of the Tracks -
ခြုံငုံသုံးသပ်ချက်:ဒီဘိုးတော်ကြီးကလည်း ဒီလိုပဲဗျ။ ဒါပေမဲ့ တစ်ခုရှိတာက သူကစစ်တပ်ကနေ အငြိမ်းစားယူထားတဲ့ ကပ္ပတိန်တစ်ယောက်တဲ့။ ဆိုတော့ ရပ်ကွက်ထဲမှာ စီကနဲဆို သေနတ်ကောက်ဆွဲပြီး ကြမ်းပြတတ်တဲ့လူကြီးပေါ့ဗျာ။ ဒါတင်ပဲလားဆိုတော့ မကသေးဘူး။ စကားအရာမှာလည်း တစ်ဖက်လူဆွဲထိုးချင်လောက်အောင်ကိုတည့်တိုးတွေက အားမနာတမ်း ပြောတတ်သေးတာ။ ဒီလိုနဲ့တစ်နေ့မှာတော့ သူ့မြေးမလေးရဲ့ အရှုပ်တော်ပုံကြီး သူ့ခေါင်းပေါ် ရောက်ချလာပြီး ရာဇဝတ်မှုတွေမှာ သူက ပါလေရာငပိချက်ကြီးစဖြစ်ပါလေရော။ ဖြစ်ချင်တော့ ဘိုးတော်ကြီးရဲ့မြေးမက သူတို့မြို့က အကြီးဆုံး မူးယစ်ရာဇာဂိုဏ်းရဲ့ ဘိန်းဖြူတွေပျောက်ဆုံးသွားတဲ့အမှုမှာမှ အဓိကလက်သည်လေးတဲ့။ ရှင်းလေရှုပ်လေ အမှုတွဲတွေထဲမှာ သူက တရွတ်တိုက်ကြီးပါသွားပြီး ပြဿနာတွေနဲ့ ရင်ဆိုင်ရတော့တာပါပဲ။ ဒီကြားထဲလည်း သူ့ရပ်ကွက်ကြီးကို ဘိန်းစားတွေအန္တရာယ်က ကာကွယ်ရသေးတဲ့ ဘိုးတော်ကြီးအဖို့ ပင်စင်ယူပြီးကာမှ ပင်စင်လက်မှတ်ပျောက်ရတဲ့ အဖြစ်ပဲပေါ့ဗျာ။





မှတ်ချက်